♥♥♥♥ ဤမှန်သောသစ္စာတရားကြောင့် ♥♥♥♥

April 17th, 2009 -- Posted in ကဗျာ | No Comments »

♥♥ မကြင်ဝံ့ပေမယ့် ♥♥

♥♥ မြင်ခွင့်ကိုမျှော်ခဲ့မိပါသည် ♥♥

♥♥ တပြည်တရွာစီ ♥♥

♥♥ နာရီတွေခြားနေပေမယ့် ♥♥

♥♥ နှလုံးသားစေညွှန်းရာ ♥♥

♥♥ ငြင်းဆန်ရန်အင်အားမရှိခဲ့ပါ ♥♥

♥♥ ဖြူစင်သောချစ်ခြင်းဖြင့် ♥♥

♥♥ အသက်နှင်းကာမြတ်နိုးခဲ့ပါသည်…ဘုရား ♥♥

♥♥ ဤမှန်သောသစ္စာစကားကြောင့် ♥♥

♥♥ ပန်းကလေးတို့မြေခရာလမ်း၌ ♥♥

♥♥ ခြေမချရပါလို၏ ♥♥

♥♥ ပန်းခြောက်ကလေးများအား ♥♥

♥♥ ( မြတ်နိုးစွာ ) သိမ်းကောက်သူဖြစ်ရပါလို၏ ♥♥

♥♥ ကြယ်ကလေးတွေကြွေကျချိန်၌ ♥♥

♥♥ ဆုတောင်းသူမဖြစ်ရပါလို၏ ♥♥

♥♥ သစ္စာတရားဖြင့် ♥♥

♥♥ နှောင်တည်းသောချစ်ခြင်း၌သာ ♥♥

♥♥ တစ်သက်တာပျော်ဝင်မူးယစ်ရပါလို၏ ♥♥

သစ်ရွက်ကလေးရဲ့ပြဇာတ်

January 22nd, 2009 -- Posted in ကဗျာ | No Comments »

လေအ၀င့်မှာ

ကြွေလွင့်ခဲ့ရတယ်

သစ်ရွက်ကလေး

မြေခလို့

ကြွေဘ၀ရောက်ခဲ့ရတယ်

ကြွေဓလေ့မို့

မြေခတာလား

လေမင်းခြွေလို့

ကြွေရတာလား

သစ်ရွက်ကလေး

သစ်ကိုင်းမှာဝေ

တစ်ကိုယ်စာမျှ

နေရောင်ကကာကွယ်ပေးတယ်

အချိန်ကြာ

တာဝန်တွပိတော့

နေရောင်မှာ

ညှိုးရော်လို့သွားရတယ်

အို….ဇရာလား

ခြွေကာသွားတယ်

မြေခလေတော့

ပေးရှာပြန်တယ်

မြေသြဇာတဲ့

ဪ…လေးစားစရာ

ကမ္ဘာမြေအတွက်

အဖက်ဖက်ကတာဝန်ကျေ

ရာဇ၀င်မတွင်ပေမယ့်

စာတင်ကာခြယ်သချင်တယ်

သူ့ဂုဏ်ရည်သွေး

ရနံ့မရှိပေမယ့်

အစဉ်မွှေးနေပါတယ်လေ…………..

မပြောင်းလဲနိုင်သော…….

January 20th, 2009 -- Posted in ကဗျာ | No Comments »

မနက်ခင်းတွေရောက်ချင်လို့

အိမ်မက်တွေကိုအဆိပ်ခပ်ဘူးတယ်

ရောင်နီမဖြာလည်း

လရောင်ကိုမလွမ်းပါဘူး

မနက်ခင်းတွေကိုချစ်တယ်…….။

ရင်ခုန်သံတွေအောက်မှာ

ဘ၀ကိုနင်းချေခဲ့ဘူးတယ်

ပတ်ဝန်းကျင်ရဲ့အပြင်ကိုရောက်ခဲ့လည်း

သံယောဇဉ်တွေနှောင်မတွယ်ဘူး

သူမ ရှိရင်ပြည့်စုံတယ်လေ……။

နှင်းတစ်ဖျောက်ဖျောက်နဲ့

မနက်ခင်းတွေရောက်တိုင်း

သူမ ရောက်လာလေမလား

ဝိုးတ၀ါးမျှော်လင့်ချက်လေးနဲ့

နေ့စဉ်ရက်ဆက်

မမောတမ်းမျှော်လင့်ခဲ့ဘူးတယ်

ဥပေက္ခာမုန်းတိုင်းတွေက

ကျွန်တော့်မနက်ခင်းလေးတွေကိုရက်စက်ကြတယ်…..။

သူမ ရောက်မလာလည်း

ကျွန်တော်မျှော်နေတတ်ဆဲ…….

သူမ မသိနိုင်လည်း

ကျွန်တော် လွမ်းနေတတ်မြဲ…….

သူမ မမြင်နိုင်လည်း

ကျွန်တော် မျက်ရည်ဝေဆဲ…….

သူမ ထားခဲ့ရက်လည်း

ဒီဇင်ဘာကတော့ နှင်းတွေကျနေဆဲ…….

………………………..

………………………..

……………………………..

ကျွန်တော့်ရင်ထဲမှာလည်း

……………………။

ice ice baby by crazy forg

January 17th, 2009 -- Posted in အကြိုက်ဆုံးသီချင်းများ | No Comments »

ကျွန်တော့်ရဲ့…သူမလေး

December 4th, 2008 -- Posted in ကဗျာ | No Comments »

သူမက…..

သတိရတဲ့အခါ ထုတ်ကြည့်လို့ရတဲ့

ကျွန်တော့် ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ဖြစ်တယ်

သူမက…..

တစ်နေ့တာရဲ့ အစဖြစ်တဲ့

ကျွန်တော့်ရဲ့ မနက်ခင်းလေးတစ်ခုဖြစ်တယ်

သူမက…..

ညနေခင်းကိုအလှဆင်တဲ့

ကျွန်တော့်ရဲ့ သက်တံလေးတစ်ခုဖြစ်တယ်

သူမက…..

နှလုံးသားကိုအလှဆင်တဲ့

ကျွန်တော့်ရဲ့ ဗီးနပ်စ်နတ်သမီးလေးဖြစ်တယ်

သူမက…..

ရင်ခုန်သံတွေပေါက်ဖွားစေတဲ့

ကျွန်တော့်ရဲ့အိမ်မက်လေးတစ်ခုဖြစ်တယ်

သူမက…..

အနာဂတ်တွေကိုဖန်ဆင်းမယ့်

ကျွန်တော့်ရဲ့ဖန်ဆင်းရှင်လေးတစ်ဦးလည်းဖြစ်တယ်

နင်..သိ..ခဲ့..လား

November 28th, 2008 -- Posted in ကဗျာ | 2 Comments »

နင်သိခဲ့လား
နင့်ညတွေလင်းဖို့
အမှောင်ထဲကနေ
ငါ..အလင်းပေးခဲ့တာ…..

နင်သိခဲ့လား
နင်ပျော်မြူးဖို့
ဘယ်သူမှမမြင်နိုင်တဲ့တစ်နေရာမှာ
ငါ..တိတ်တိတ်လေးငိုနေခဲ့တာ…..

နင်သိခဲ့လား
နင့်ဆန္ဒတွေဖြည့်ဆည်းနိုင်ဖို့
ဘာကိုမှမကြောက်
ဒုက္ခတွေလမ်းခင်းလျှောက်ခဲ့တာ…..

နင်သိခဲ့လား……
နင်သိခဲ့လား…..
နင်….
သိ…..
ခဲ့…..
လား…..

နင့်ဘ၀ပြည့်စုံဖို့
အလွမ်းတွေရင်မှာပိုက်
ခေါင်းငိုက်စိုက်နဲ့
တိတ်တိတ်လေးကျောခိုင်းခဲ့တာ…..
နင်မသိနိုင်တဲ့
ဟိုး……အဝေးဆုံးတစ်နေရာဆီ

Where’d you go

November 25th, 2008 -- Posted in အကြိုက်ဆုံးသီချင်းများ | No Comments »

ဖယ်ခွာပုန်းသူ..သို့

November 15th, 2008 -- Posted in ကဗျာ | 3 Comments »

ရင်မှာနှောင်တန်း
တစ်ဖက်သက်လွမ်း
ဆိုင်သူမသိ
ရူးမိုက်မိ၏
အလွမ်းတစ်ခင်း
သီချင်းသာလျှင်
စီကာဖွဲ့ရည်
ဆိုသီနိုင်၏
နှောင်တွယ်အမုန်း
ရှောင်ဖယ်ပုန်းသူ
စိမ်းမိုးတွေရွာ
စိမ်းကမ္ဘာသို့
စိမ်းကားရက်စက်
ကျောခိုင်းထွက်၏
ဪ……
မသိလည်းလွမ်း
ရင်ထဲတမ်းသည်
မှန်းဆစိတ်ရှည်
လွမ်းစိတ်ဖြေ၍
အသက်ကမ္ဘာ
တည်နိုင်သမျှ
သစ္စာဖွဲ့တင်း
မျှော်လင့်ရင်းဖြင့်
ငါ၏ချစ်ခြင်း
စဉ်ထွန်းလင်းနေမည်သာ……
ဆုတောင်းတိုင်းသာ
ပြည့်ရပါလျှင်
လွမ်းခြင်းဆွေးခြင်း
ဤ၀ဋ်တွင်းမှ
လွတ်ကင်းဖယ်ခွာ
သံသရာဆက်
နှောင်တွယ်ဖြတ်၍
ချစ်ခြင်းမုန်းခြင်းကင်းရစေ…..

အလင်းရှင်

October 30th, 2008 -- Posted in ကဗျာ | 1 Comment »

သူပြုံးလိုက်တဲ့အခါ
ပန်းကလေးတွေမွှေး
လေကလေးတွေအေး
နွမ်းသမျှပြေ
လွမ်းသမျှကျေတယ်…..
သူစကားပြောတဲ့အခါ
ပျားသကာလို
နားမှာချိုလို့
ရင်မှာစိမ့်စမ်း
စီးဖြတ်သန်းတယ်…..
သူရှိနေတဲ့အခါ
ရနံ့မွှေးသောပန်း
ကြာတင့်တဲ့ကန်
ကြယ်စုံသောကောင်းကင်
လသာတဲ့ည
ကာရန်ညီတဲ့ဂီတလို
အရာအားလုံးဟာလှပလို့…..
အိမ်မက်တွေကိုစည်းချ
မညီညာတဲ့ဂီတနဲ့
မှောင်မိုက်တဲ့ညတွေအတွက်
သူက…..
တစ်ဦးတည်းသော အလင်းရှင်ပါပဲ

ကျရှုံးခြင်း

October 27th, 2008 -- Posted in ကဗျာ | 2 Comments »

နေမင်းက
ညနေခင်းနဲ့စစ်ခင်းတယ်
နီနီကျင့်ကျင့်နေရောင်အောက်
တိမ်တွေအရောင်တောက်လို့…..
ရှင်နေမင်းက
ညနေခင်းရဲ့ဓါးသွားအောက်
အသက်ပျောက်လုဆဲဆဲ…..
မြစ်ရေပြင်မှာ
နီတောက်တောက်အရောင်တွေ
နေမင်းရဲ့သွေးတွေလား
ကျဆုံးတော့မယ့်ရှင်နေမင်းက
တစ်နေ့တာအတွက်နှုတ်ဆက်တယ်
နောက်တစ်နေ့မနက်ခင်း
သူပြန်လင်းလာမှာပဲလေ
ချစ်သူရေ…..
အဲဒီလိုပဲပေါ့
မင်းအမုန်းအောက်
ဒူးထောက်ခဲ့ရပေမယ့်
အလင်းပြန်ရမယ့်မနက်ခင်းတွေကို
ငါ…တမ်းတနေဆဲပါဟာ

Powered by
encyclopedie & Debt Consolidation & etymology